Saturday, September 28, 2013

The Best Hair Style Application For Android


ဆံပင် ပုံစံ Style တွေ နဲ့ ကိုယ့် ပုံ ကို Style မိုက်မိုက် အလှ ဆင် ကြည့် ကြမယ်လေ
ကျွန်တော် ပေးမယ့် ဆော့ ဝဲ လေး က အရမ်း ကို ကောင်းပြီး အရမ်း ကို ပြည့်စုံပါတယ်
ပြည့်စုံတယ်ဆိုတာ ကြွားပြောတာ မဟုတ်ဘူးနော်
Style တွေ ပုံစံအမျိုးမျိုး ပါတယ်
ရွေးပြီး ရင်
ဆံပင် အ ရောင် ပြောင်း လို့ ရတယ်
Hilight ဖောက် လို့ ရတယ်
ကိုယ့်ပုံကို မျက်နှာ နဲ့ ကိုက် အောင်
ညှိ လို့ ရ တယ်
application လေးအသုံးပြုပုံ ကို ပုံထဲမှာ အဆင့်ဆင့် ရှင်း ပြ ထား ပေး ပါတယ်
ပုံလေး တွေ ကို ကြည့် ရင်း အဆင် ပြေ သွားမှာပါ
ဒီ Application ကို Run ဖို့
Adobe AIR ဆိုတဲ့ application လိုတယ်
အဲဒီ application လေးကိုပါ တစ်ခါတည်း ပေးလိုက်မယ်
Hair Style Apk လေးရဲ့နာမည်က
Magic Mirror ဆိုတော့
မျက်လှည့်ကြေးမုံ လို့ တင် စားထားတယ်
နောက်တစ်ခု ပြောချင် တာက
ဒီ Application က Resolution dpi  Medium ရှိ တဲ့ Android ဖုန်းတွေမှာ ပဲ ကောင်းကောင်း Run ပါတယ်

သုံးကြည့်လိုက်ပါဦး တော်တော်ကို မိုက်လို့
ပြောတာပါ

Magic Mirror application လေးကို
ဒီမှာ ယူလိုက်ပါ

Adobe AIR applicatiin လေးကို
ဒီမှာ ယူလိုက်ပါ

Tuesday, September 24, 2013

Retro Mania (Cartoon Runner ဂိမ်းလေးပါ)

Retro Mania တဲ့
ချစ် ဖို့ ကောင်းတဲ့ Cartoon running Game လေးပါ
size တော့ နည်းနည်း ကြီးတယ်
လှိုင် ခေါင်းထဲမှာပြေး ရင်း နဲ့ တွင်းတွေ မိုင်း တွေ ပင့်ကူ တွေ ကို ရှောင် ရတဲ့ Game လေးပါ. . .
Power တွေ လည်း ဝယ် လို့ ရတယ်
ဘော်ဘော် တို့ ကြိုက်မှာပါ

ဒီမှာ ယူသွား လိုက်ပါ

Saturday, September 21, 2013

စက္ကူ ကင် မ ရာ လေးနဲ့ Paper Art effect ထည့်ရ အောင်

Note 2 ထွက် ခါစက ပေါ် တဲ့
Paper artist ဆိုတဲ့ app လေး အ ကြောင်း နည်းနည်း ပြောပြချင် ပါ တယ်
ဒီကောင် လေး က Camera နဲ့ ရိုက်တဲ့ အခါ စက္ကူ ပေါ် မှာ အရုပ် လေး တွေ ရေးထားတဲ့ ပုံ မျိုးဖြစ် အောင် ရိုက် လို့ ရတယ် ပုံတွေ ကို Paper art effect တွေ ထည့် လို့ ရတယ် တော်တော် လေး မိုက်တယ်
ခက်တာက Samsung တွေမှာပဲ Run ပြီး တခြားဖုန်း တွေမှာ  Run မရဘူး ဖြစ်နေတယ်
ကျွန်တော်လည်း  လိုက် ရှာ ကြည့် ရင်း
ခု ကျွန်တော် ပေးမယ့် စက္ကူ Camera လေး ကိုတွေ့တယ်
Paper Artist လို paper art တွေ တော်တော်များများ အတူတူပါပဲ
ဒီကောင် လေးကလည်း မဆိုးလှ တဲ့ ဆော့ဝဲ တစ်ခုပါ
သူက တော့ ဖုန်း တော်တော်များများမှာ Run နိုင် ပါတယ်
သူ့ကို Run ပြီး ဖုန်းထဲက ပုံတွေကိုလည်း Paper art effect တွေ ထည့် လို့ ရတယ်

ပုံထဲမှာ ကြည့်ကြည့်ပါဦး

ကြိုက်တယ်ဆိုရင်

ဒီမှာ ယူသွားလိုက် နော်

Game တွေ ကို Hack ရ အောင်

ကျွန် တော် တို့ Game တွေ ကို Hack ပြီး
ကစား ရ အောင်
ကျွန်တော် ပေး ချင် တဲ့ လက် ဆောင် လေးက တော့ Game Guardian ဆိုတဲ့ apk လေးပါ
ဆိုက် လည်း သိပ်မကြီး ပါဘူး
ဂိမ်း တွေထဲ က ပိုက်ဆံတွေ စိန် တုံး တွေ အစရှိတဲ့
အ ရေ အတွက် တွေ ကို ပြင် လို့ ရ ပါတယ်
ဖုန်းက Root လုပ် ထားဖို့ တော့ လိုမယ် နော်
ခု နမူနာ အ နေ နဲ့
Smurf's Village  ဂိမ်းထဲက smurf berry ခိုး ပြ ထားပါတယ်
ပထမဆုံး အဆင့် အ နေ နဲ့ Game Guardian ကို အရင် ဖွင့် လိုက် ပါ
ပြီး ရင် back key နဲ့ ပြန်ထွက်လိုက်ပါ
phone Screen ပေါ် မှာ icon လေး ပေါ် နေပါလိမ့်မယ်

Fig 1

ပြီး ရင် ကိုယ် hack ချင် တဲ့ Game ကို ဖွင့် လိုက်ပါ ခု  ကျွန်တော် Smurf's village ကို ဖွင့်လိုက်ပါပြီ
Berry သီး 6 လုံး ရှိပါတယ်
Game Guardian icon လေးကို နှိပ် လိုက် ရင် game guardian ထဲ ကို ရောက်သွားပါပြီ ထောင့် မှာ ကိုယ် Hack မယ့် Game icon လေးပေါ် နေပါမယ်
Search မှန်ဘီလူးပုံ ကို ရွေး ပါ
Search box ပေါ် လာ ရင် Berry သီး အ အတွက် ဖြစ်တဲ့  6 ကို ထည့် ရိုက်ပါ့မယ်
ပြီး ရင် Search ကို နှိပ် လိုက် ရင် 6 တွေ အများ ကြီးပေါ်လာလိမ့်မယ် ညာဘက် အထက် ထောင့် က ခလုပ် ကိုနှိပ် ဂိမ်းထဲ ပြန်သွားပါ

Fig 2

Berry သီးတစ်ခု ထပ်သုံးလိုက် လို့ 5
ဖြစ်သွားပါပြီ ပထမနည်း အတိုင်း Game guardian icon ကို နှိပ် ပြီး Game guardian ထဲ ပြန်ဝင် ပြီး Search က နေ 5 ကိုပြန် ရှာ လိုက်ပါ 5 တွေ အများ ကြီး ပေါ်လာလိမ့်မယ်
ပထမနည်း အတိုင်းပဲ Game ထဲ ကို ပြန်ဝင်
Berry သီး ထပ်သုံးလိုက်ပါ့မယ် 4 ဖြစ်သွား ပြီ
Game guardian ထဲပြန်ဝင်
Search ကိုသွား 4 ကို ရှာ လိုက် ရင်  ၁ ခု ၂ ခု က နေ ၄ ခု လောက် ပဲ ရှိ ပါ တော့မယ်
အဲဒီ 4  က Berry အ ရေ အတွက် ပါပဲ
အဲဒီ နောက်ဆုံး ရတဲ့ Result ပေါ် ကို ၃ စက္ကန့် လောက် ဖိထား လိုက် ရင် ပုံ ထဲ ကအတိုင်း
ပေါ်လာမယ်
ကိုယ် လိုချင် သ လောက်သာ ရိုက် ထည့်
ပေ တော့

Fig 3

ကျွန်တော် တော့ 99999999
ဆိုပြီး ရိုက်ထည့် လိုက် ပါပြီ
ထည့်ပြီး ရင် OK နှိပ်  အ ပေါ် က save ကို နှိပ် လိုက်ပါ ပြီး ရင်
ညာဘက် အ ပေါ် ထောင့်က ခလုပ် ကိုနှိပ်  Game ကိုသွားလိုက်ပါ Berry သီး တွေ 99999999 ဖြစ် နေတာ ကို တွေ့  ရပြီ ပေါ့
Game Guardian ကိုပြန်ဝင် Setting ကိုနှိပ် Stop game guardian ကို နှိပ် လိုက် ရင် Game Guardian icon လေးလည်း ပျောက်သွား ပါပြီ
ပုံလေး တွေနဲ့တွဲ ကြည့် လိုက် ရင် အဆင် ပြေမှာပါ

အို ကေ တယ် နော်
Game Guardian လေး ကို

ဒီမှာ  ယူလိုက် နော်

Friday, September 20, 2013

18+ Top Sex Position

TOP SEX POSITION
ဆိုတဲ့ APK လေးပါ

ဒီ App လေး က တော့ Play Store က နေ ဒေါင်းထား တာပါ
တော်တော် လေး မဆိုးတဲ့ apk လေးပါ
တစ်ခု ပြော ချင် တာ က
apk က 18+  ဖြစ်နေပါတယ်
အိမ် ထောင် သည် တွေ အတွက် ရည် ရွယ်ထား တာပါ..
သူ့ ထဲမှာ ပါ တဲ့ Topic တွေ က တော့
KamaSutra ဆိုတာဘာလဲ
Position  အ နေ အထား တွေ အ ကြောင်း
Sex အတွက် အားပေး တဲ့ အစား အစာ
တွေ ကို စုံလင် စွား ဖော် ပြထား ပါတယ်

ရှိထားတဲ့လူတွေ အတွက် မမှား ပါဘူး

ဒီမှာ   ယူလိုက်ပါ. .

Sunday, September 15, 2013

တော်တော်များများ အသုံးတဲ့မယ့် Root Explore latest version လေးပါ

Amdroid user တွေ အတွက် တော်တော် လေး အသုံးတဲ့မယ့် Root Explorer လေးပါ
တော်တော်များများ မှာ ရှိ ပြီးသား ပါ
လိုချင် ရင် လွယ်အောင် လို့ တင်ပေး လိုက်တာ

ဒီမှာ  ယူလိုက် နော်

ပေါချောင် ကောင်း လေး တွေ တင် တယ် လို့ တော့ မထင် ပါနဲ့ နော် တကယ် အသုံးဝင် လို့ စေတနာ နဲ့ တင် ထားပေး တာ

Google app တွေ ကိုအလွယ်ဆုံးနည်း နဲ့ သွင်းမယ်

Google app တွေ ကို လွယ်လွယ် လေး သွင်း ရ အောင်
Google app တွေ ဆိုတာ ဘာ တွေ တုန်း
တစ်ချို့ဖုန်းတွေ မှာ Official ပါပြီး တစ်ချို့ဖုန်းတွေ ကျတော့ မပါဘူး
app ကို ဒီ တိုင်း install လုပ်ပြီးသုံး လို့လည်း မရပြန်ဘူး
Gtalk
Gmail
Play store
Google Search
Google Music

စတဲ့ app တွေကို့ ခြုံ ပြီး Google app တွေ လို့ ခေါ် လိုက်တာပေါ့
အဓိက က တော့ Gmail, Gtalk ,Play store တွေကို သုံးလို့ ရ အောင် ပြော ပြသွားမှာပါ
Mobile site တွေ မှာ ကျွန်တော့ ထက် ပိုသိ တဲ့ ဆရာ သမား တွေ ရေးထား တဲ့နည်းတွေ လည်းအများ ကြီးပါပဲ
တစ်ချို့ ကြပြန်တော့ လည်း အဲဒီ app တွေကို
gapps zip ဖိုင် ဒေါင်း ပြီး CWM က နေ သွင်း ရတယ် သိတဲ့လူတွေ ဖို့ တော့ မခက်ဘူးပေါ့
zip ဖိုင်တွေ ဒေါင်း ဖို့ကြပြန်တော့ zip file size တွေက အကြီးကြီး တွေ အထူးသဖြင့်
Android version 4.0 နဲ့အထက်တွေမှာ 60Mb က နေ 90Mb ထိ ရှိတယ်  ဒေါင်း ရတာ လည်း ပင် ပန်းတယ်
ဒေါင်း လို့ ရပြန် တော့ လည်း ကိုယ့်ဖုန်း နဲ့ မကိုက် ရင် တင် လို့ မရပြန်ဘူး
ကျွန်တော် လည်း တော် တော် ရွာလည်ခဲ့တယ်
ဟိုတ လောက မှ တရုတ် ဆိုက်တစ် ခုက နေ တွေ့ခဲ့ တာ အဲဒီ နည်း လေး ကို ပေးမယ်နော်
ကျွန်တော် ပြောတာ နည်းနည်း များ သွားပြီ ဟဲဟဲ အားနာလိုက်တာ
ကဲစမယ်နော်
ဖုန်းကို Root လုပ်ထား ဖို့တော့ လိုမယ်နော်
ပြီး ရင် ဖုန်း မှာ root explore ရှိ မှ ရမယ်
ဖုန်းထဲမှာ မရှိ လည်း Root explore ကို ကျွန်တော် ပေးမှာပါ
ခု ပေးမှာက android version 4.0 , 4.1, 4.2 တို့အတွက်ပဲပေးတာ နော် ကျွန်တော် စမ်းထားတာလည်း အဲဒီ version တွေမှာစမ်း ထားတာ No Error ပါ

Google app တွေ run နိုင် ဖို့ အဓိ က အလုပ် လုပ်တဲ့ app ၂ ခုရှိတယ် အဲဒါတွေက တော့
GoogleLoginService.apk နဲ့
GoogleServicesFramework.apk ဆိုတဲ့ ဖိုင် ၂ မျိုးပါ
အဲဒီ ဖိုင် ၂ ဖိုင် ကို copy လုပ်ပြီး
Root/System/App ထဲကို Paste လုပ်လိုက် ရင် ရပြီ ပိုသေချာအောင် လို့ အဲဒီ ၂ ခုနဲ့ အတူ Gtalk နဲ့ Playstore  ၂ ခုပါ ထပ် ထည့်ပေးထားတယ် အဲဒီ apk တွေကို Root/System/app ထဲကို paste လုပ်လိုက်ပါ System ကိုဝင် မယ်ဆိုရင် အ ပေါ် က R/W ဆိုတာ လေးကို R/O  ပြောင်းဖို့ မ မေ့ နဲ့ နော်
ပုံထဲမှာလည်း သေချာ ပြ ပေးထားပါတယ်

အိုကေ ပြီနော်
လိုတဲ့ဖိုင်လေး တွေကို ဒေါင်း ကြရ အောင်
Root explore ကို တော့ ဒီ Page မှာ ဒေါင်း လိုက် နော်
Google app for 4.0 (ICS)  ကို ဒီမှာ ယူပါ
Google app for 4.1 (Jelly Bean) ကို ဒီမှာ ယူပါ
Google app for 4.2(Jelly Bean) ကို ဒီမှာ ယူပါ
ဖိုင် ဆိုက် တွေကလည်း အရမ်း မကြီးပါဘူး

လက်ဆောင် လေးကို ကြိုက်တယ် ဆိုရင် ကျေနပ် ပြီနော်

      

Wednesday, September 11, 2013

Youtube downloader for android

Youtube က Video လေးတွေကို ဒေါင်းရ အောင်
ကျွန်တော် အရင် က တော်တော် ရှာဖွေခဲ့ ရပါတယ် အရင် က Tumate apk နဲ့ ဒေါင်းဖူးတယ် အဆင်ပြေပါတယ် ဒါပေမယ့် နောက်ပိုင်း မှာ ဘာဖြစ်လို့ လဲ မသိဘူး
ဒေါင်းလို့မရ တော့ပြန်ဘူး
တစ်နည်း ရှိသေးတယ် အဲဒါက MMF က ကိုကို Joe ပြောပြတာ www.youtube နေရာမှာ www ကိုဖြုတ်ပြီး ssyoutube ပြီး URL address ကိုပြောင်း ပြီးဒေါင်းဖူးတယ် အဆင်ပြေပါတယ်
အခုပေးမယ့် apk လေးက အဲဒါတွေ ထက်သုံးရတာ ပို ပြီး Smooth ဖြစ်ပါတယ်
သူက တော့ OGyoutube downloader လေးပါ
Youtube နဲ့အတူတူပါပဲ ဘာပိုလာလဲဆိုတော့
Video ရဲ့ အောက်မှာ Download ဆိုတဲ့ tab လေး ပိုပါလာတယ်
ကိုယ်ကြည့်ချင် တဲ့ Video ကိုဝင် ခဏ စောင့် ပြီး Download  ဆိုတာလေး ကို Tab လုပ်လိုက်ပါ
ဘယ်လို file type နဲ့ ဒေါင်းချင် တာလဲ
ဆိုတာပါ ပါပါတယ် ကြိုက်တာ ဒေါင်း ရုံပဲပေါ့

အောက်မှာယူသွားလိုက်ပါ
OGyoutube ကိုဒေါင်းရန်

လက်ဆောင်လေးကို ကြိုက် ရင် ကျေနပ် ပြီနော်

Tuesday, September 10, 2013

Beautiful Zawgyi Font for Rooted Android

Rooted android ဖုန်းတွေကို စိတ်ကြိုက် ဖောင့် လှလှ လေးတွေ ကို ပြောင်းရ အောင်
ကိုမျိုးမင်းလတ် ရေးထားတဲ့ New Zawgyi ထဲက ဖောင့်လှလှ လေးတွေကို Rooted Android ဖုန်းလေးတွေမှာ ထည့်ရ အောင်
သူက Samsung အတွက်ဆိုတော့ ကျန်တဲ့ ဖုန်းလေးတွေမှာ သွားရေ ကျရတာပေါ့
ကျန်တဲ့ ဖုန်းတွေမှာထည့် ဖို့ လိုတဲ့ ဆော့ဝဲတွေကို အရင် ဒေါင်းရ အောင်
အဓိက ဖောင့်ပုံစံပြောင်းပေးမှာက တော့ Font changer ဆိုတဲ့ ဆော့ဝဲလေးဖြစ်ပါတယ်
သူ့ကို run ဖို့ ကျတော့ Busy box ဆိုတဲ့ ဆော့ ဝဲလေး လိုပြန်ရော
ပထမဆုံး Busy box ကို အရင် install လုပ်ပါမယ် ပြီးရင် open လုပ်ပြီး super access တက်လာရင် allow or grant ကိုရွေးပါ
ပြီးရင် install ဆိုတာကိုရွေး လိုက်ပါ သူ့ဟာသူ run သွားပါလိမ့်မယ်
complete ဖြစ်ပြီဆိုရင်
လုပ်ငန်းစလို့ ရပါပြီ
Font changer ကို install လုပ်ပါ
open လုပ်လိုက်ပါ
ဘာဖောင့်မှ တွေ့ရမှာမဟုတ်သေးပါဘူး
ပြန်ထွက်ပါ
Root explorer ကို install လုပ်ပါ
ပြီးရင် ဒေါင်း ထားတဲ့ထဲက font zip လေးကို ဖြည်ပြီး သူ့ထဲက ဖောင့်တွေကို sdcard/.fontchanger ထဲကို ကူးလိုက်ပါ
ပြန်ထွက်လိုက်ပါ
font changer ကို open လိုက်ပါ refresh လုပ်ပြီး ဖောင့် လှလှ လေးတွေ ပေါ်လာပါလိမ့်မယ်
ကြိုက်တဲ့ဖောင့်ကို ရွေး ပြီး apply လုပ် လိုက်ပါ reboot လုပ်မှာလားမေးရင် later ကိုရွေးလိုက်ပါ
တစ်ခါတည်း reboot လုပ်လည်း ရပါတယ်
reboot later ကိုရွေး ပြီး  ကိုယ့်ဟာကိုယ်
ပါဝါ ပိတ်ပြီး ပြန်ဖွင့် လိုက် လည်းရပါတယ်
ပြန်တက်လာပြီဆိုရင် တော့ ဖောင့် လှလှ လေးတွေ ကိုမြင် ရပြီ ပေါ့ဗျာ...

အိုကေပြီနော် ဒါဆိုဆော့ဝဲလေးတွေဒေါင်းရ
အောင်
Busybox နဲ့ Font changer ကို
ဒီမှာ ယူပါ
Root explore ကို
ဒီမှာ ယူပါ
font ဖိုင်လေးကို zip ဖိုင် နဲ့ပဲ တင်ပေးထားတယ်
ဒီမှာ ယူလိုက်ပါ

ဇော်ဂျီ ဖောင့် လှလှ များ

ကိုမျိုးမင်း လတ် ရဲ့ ဇော်ဂျီ ဖောင့် လှလှလေးတွေပါ
တော်တော်လှ ပြီး သုံးလို့ကောင်းတယ် မိုက်တယ်
Samsung ဖုန်းတွေ အတွက် ရည် ရွယ် ပြီး ထုတ်ထား တာပါ
ကျန်တဲ့ Rooted Android ဖုန်းတွေမှာသုံးလို့ ရ အောင် တော့ နောက် ပို့စ် ကျမှ တင်ပေး တော့မယ်
အောက်ကလင့်မှာ ဒေါင်းလိုက်ပါ
ဇော်ဂျီ New .zip ဆိုတာလေး ကို rename လုပ်ပြီး ဇော်ဂျီ New.apk ဆိုပြီး ပြောင်း လိုက်မှ install လုပ် လို့ရမယ်နော်
အောက်က လင့်မှာ ယူလိုက် နော်
ယူရန်

လက်ဆောင် လေးကို ကြိုက် ရင် ကျေနပ် ပြီနော်

IC ringtone apk

IC ကို ကြိုက် တဲ့ Android ချစ်သူ တွေအတွက်ပါ
Original Horror Ringtone ကိုပြန် ပြင် ထား တာပါ
ကိုလေးဖြူ ကိုအငဲ ကိုမျိုး ကြီး တို့ သီချင်းလေး တွေကို Ringtone လုပ် လို့ ကောင်း မယ့် နေရာ လေးတွေ ကို ဖြတ် ထားပါတယ်

အောက်ကလင့်မှာယူ လိုက်ပါ
http://db.tt/YRYauGJT

သီချင်း နာမည် လေး တွေက Android 4.0 နဲ့ 4.1 တွေမှာ ဖောင့် လေး နည်းနည်း လွဲတာကို တော့ သည်းခံ ပေးကြပါ

လက်ဆောင်လေးကို ကြိုက် ရင် ကျေနပ် ပြီနော်