Wednesday, October 16, 2013

Android ဖုန်း Information အ ကြောင်း တ စေ့ တ စောင်း

ကျွန်တော် နည်းနည်း လောက် ဖော ချင် လို့ပါ
ဖောတယ် ဆိုတာ ဘာလဲ ဆိုတော့ သေချာ
မသိပါဘူး ရမ်း ပြောတာပါ
ယျေဘုယ အားဖြင့်တော့ မှန်ပါတယ်

အခုပေးမယ့် application လေးက CPU-Z
လို့ခေါ်တဲ့ App လေးပါ
သူက Android ဖုန်းတစ်လုံး ရဲ့ information
တွေကို ကြည့် လို့ရပါတယ်

information တွေကို ကြည့် ရင် ဘာတွေ ကြည့်မလဲ
ကျွန်တော် ကြည့် နေကျဟာတွေက တော့
ဖုန်းရဲ့ CPU ကိုကြည့်ပါတယ်
CPU က  Processing Unit ဘယ်နှခုပါလဲ ကြည့်တယ်
ပုံ(၁) မှာပြထားပါတယ်
Processing Unit ပိုများ လေ ဖုန်းက ပိုသွက်လေ လို့မှတ်ထားလိုက်တာပါပဲ

နောက်တစ်ခုက
ပုံ ( ၂ ) မှာပါ
မြှား လေးတွေ နဲ့ပြထားပါတယ်
ခရမ်း ရောင်မြှား လေးနဲ့ ပြထားတာက
Android version ပါ
2.3 ဆိုရင် Gingerbread လို့ခေါ်ပါတယ်
4.0. ဆိုရင် Icecream Sandwish လို့ခေါ်ပါတယ်
4.1
4.2
4.3
ဆိုရင်တော့ Jellybean လို့ ခေါ်ကြပါတယ်
Version မြှင့် တဲ့ ဖုန်းတွေက Features
အသစ်လေး တွေ ပိုပါပြီး ပုံစံ လေးတွေက
နှစ်သက်စရာ ကောင်းပါတယ်

အပြာရောင် မြှား နဲ့ပြထားတာက တော့
Screen Density ပါ
သူ့ရဲ့ Unit ကို dpi နဲ့ပြတယ်
Screen density တန်ဖိုး များလေ ဖုန်းရဲ့
ကြည်လင်ပြတ်သားမှုက ပိုလေပါပဲ
တစ်ချို့ Game တွေ Application တွေဆိုရင်
Screen density မြင့်မှ Run နိုင် ပါတယ်
နိမ့် ရင် install လုပ်လို့ တောင် မရ ပါဘူး
တန်ဖိုးတွေက အနည်းဆုံး
160dpi.က နေ အများဆုံး 480dpi
ထိ ရှိပါတယ်

အနီရောင် မြှားလေးနဲ့ ပြထားတာက
Total RAM ပါ
ဖုန်းရဲ့ Software တို့ Game တို့ စတဲ့ System တွေ ကို Run ဖို့လိုတဲ့ Memory လို့ပဲ အကြမ်းဖျင်း မှတ်ထားပါတယ်
RAM များတဲ့ဖုန်းတွေ
ကပိုသွက်ပါတယ်. .

အစိမ်းရောင် မြှားလေးနဲ့ပြထားတာက
Internal Storage  ပါ
သူက Game တွေ Application တွေ Install လုပ်တဲ့အခါ လိုအပ်တဲ့
Memory Storage ပါ
တစ်ချို့ တရုတ်ဖုန်းတွေမှာ
Internal Storage နည်းလို့
Game အကြီးကြီးတွေ Memory အများ ကြီးယူတဲ့ Game တွေ ထည့် လို့ မရပါဘူး
Internal Storage ပြည့်သွား ရင်
နောက်ထပ် Application တွေ ထပ်ထည့်လို့
မရ တော့ပါဘူး. .
ထည့်ပြီးသားဟာတွေ ပြန်ဖျက်ပစ်မှ ရပါတယ်. .

ပုံလေးတွေနဲ့ယှဉ်တွဲ ကြည့်ပြီး
မိမိဖုန်းရဲ့ Information ကို ကြည့်ချင် တယ်ဆို ရင်တော့

CPU-Z Application ကို Install လုပ်ပြီး
ကြည့်လိုက်ပါ. . .
ဒီမှာ ယူလိုက်ပါ



No comments:

Post a Comment